ဆိုရှယ် မီဒီယာ အစွဲချွတ်ကြည့်ခြင်း

ဆိုရှယ် မီဒီယာ အစွဲချွတ်ကြည့်ခြင်း

ဒီလ စာရေးဖြစ်ပေမယ့် မပြီးတော့ မတင်ဖြစ်သေးဘူး။ စာရေးရတာ ဝါသနာပါတယ်လို့ ထင်ပေမယ့် စာရေးရတာ တော်တော်ပျင်းတယ်ဆိုတာတော့ ကိုယ့်ကိုယ်ကို သတိထားမိတယ်။​ လောလောဆယ်တော့ ဖေ့ဘုတ်နဲ့ တွစ်တာနဲ့ အင်စတာဂရမ် ကို ခဏ နားထားလိုက်ဦးမယ်၊ အာရုံစိုက်စရာလေးတွေလည်း ရှိနေတော့။​

လုံးဝကြီး မသုံးပဲနဲ့ နေနိုင်လား ဆိုတော့လည်း မဟုတ်ဘူး။ ဖေ့ဘုတ် မတ်စင်ဂျာကိုတော့ နားလို့ မရပြန်ဘူး။​ ကိုယ်နဲ့ နေ့စဉ်ဆက်သွယ်နေကြတဲ့ လူတွေ အကုန်လုံးက အဲဒီထဲမှာကိုး။

ဒါနဲ့ အင်စတာဂရမ်က ကိုယ့်အရင်းနှီးဆုံး သူငယ်ချင်းတွေ (close friends) ကို မတ်ဆေ့ ပို့ဖို့နဲ့ ပုံပြင်တွေ ပို့ဖို့ Treads (အပ်ချည်ကြိုး ?) ဆိုတဲ့ အက်(ပ်) တစ်ခု အသစ်ထုတ်တယ်။ iOS ရော Android မှာပါရတယ်။

ဒါတွေ မသုံးရင် ဘာဖြစ်မလဲ ဆိုတော့ ဖေ့ဘုတ်ပေါ်က လတ်တလော ပြည်တွင်း သတင်းတွေ (Trending news) လွတ်မယ်။ Twitter ပေါ်က ပြည်ပသတင်းတွေ လွတ်မယ်။ ဒီလောက်ပါပဲ။​ နေနိုင်မယ်လို့လည်း ထင်ပါတယ်။

Show Comments